Showing posts with label Writers in Prison. Show all posts
Showing posts with label Writers in Prison. Show all posts

Dec 27, 2021

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ထောင်သုံးနှစ် ချမှတ်ခံရ

 

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ထောင်သုံးနှစ် ချမှတ်ခံရစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို တွေ့ရစဉ်
 Photo: CJ

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမိန့်ချခံလိုက်ရပါတယ်။

၁၀ လကျော်ကြာ ဖမ်းဆီးခံထားရပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အလုပ်ကြမ်းနဲ့ထောင် သုံးနှစ် အမိန့်ချခံရတာလို့ ဒေါ်သန်းမြင့်အောင်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြော ပါတယ်။

" ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်တာပါ၊ ဆရာမကြီးရဲ့ ကျန်းမာရေးကတော့ ကောင်းပါတယ် "

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆရာမ ဒေါ်သန်းမြင့်အောင်ကို နေအိမ်ကနေ ဖမ်းဆီးခဲ့ပါတယ်။

ဆရာမဟာ We Love Yangon ရဲ့ ဥက္ကဌ၊ နာရေးကူညီမှုအသင်းရဲ့ ဒု-ဥက္ကဌ အပြင် ဆည်းဆာရိပ် ဘိုးဘွား ရိပ်သာမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ပရဟိတ လုပ်ဆောင်မှုတွေကြောင့် လူသိများသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကလည်း ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။